
မင်းဝင့်သူ |
အင်္ဂါနေ့၊ ဂျူလိုင်လ 28 ရက် 2009 ခုနှစ် 16 နာရီ 05 မိနစ် |
မှော်ပညာဝတ်ရုံနက်နဲ့ ဝိညာဉ်မဲ့ ငြိမ်သက် စုတ်ချက်ကြမ်းကြမ်း မုတ်သုန်က ကျိုးကျဲကြယ်စတွေကို လှဲကျင်း မင်းမူလို့နေဆဲ။ စပ်ဖာရာ အထပ်ထပ်နဲ့ မြင့်မြတ်တဲ့ စိတ်ကူးတွေကတော့ ကွဲရှမှန်တချပ်လို အလင်းပြန် မြင်းခွာသံတချောင်းရဲ့ ပေါ့ဆမှုထဲ လဲကျ သိပ်သည်းမွန်းကျပ်လွန်းလှပြီ။ အပွေးမြင်အပင်သိ အနှစ်မရှိတဲ့တော … မြစ်ကောတခုရဲ့ ကမ်းပါးပေါ်က ပဲ့ပြားပင်တို့ ရောင်ချယ်ဆဲ ပြိုးပြက် ရေပွက်တခုလို ခဏတက် ဝက်ဝက်ကွဲ မာန်ဖီနေသော ကာလ။ ဂွာရာနီကာ* ပုံတူတွေထဲ သဲသဲကွဲကွဲ တွေ့လိုက်ရ မျှခြေမျဉ်းမတ်ကိုသာ ထင်းထင်းရေးဆွဲလိုက်ကြပါ စစ်ဟာ အနိဋ္ဌာရုံ ဖြစ်တယ်။ မသိစိတ်ရဲ့ ပုံရိပ်ဆိတ်ငြိမ်ထဲမှာတောင် အမှောင်မိုက်က ခြိမ်းခြောက် တိမ်းမှောက်သွားတဲ့ လွင်ပြင်ကျယ်မှာ အစွယ်ရာအပြည့် မမေ့လိုက်ကြပါနဲ့ (ဒါဟာ) စေ့ထားတဲ့ တံခါးတချပ်မဟုတ်ပါ။ ။ *ကမ္ဘာကျော်ပန်းချီဆရာကြီး ပီကာဆို ရဲ့ ဂွာရာနီကာ ပန်းချီကား |
0 comments:
Post a Comment