Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

မြွေဆိပ်တက်တဲ့ည

0 comments Saturday, August 1, 2009



E-mail
မင်းဝင့်သူ
အင်္ဂါနေ့၊ ဂျူလိုင်လ 28 ရက် 2009 ခုနှစ် 16 နာရီ 05 မိနစ်



မြွေဆိပ်တက်တဲ့ညညဟာ
မှော်ပညာဝတ်ရုံနက်နဲ့
ဝိညာဉ်မဲ့ ငြိမ်သက်
စုတ်ချက်ကြမ်းကြမ်း မုတ်သုန်က
ကျိုးကျဲကြယ်စတွေကို လှဲကျင်း
မင်းမူလို့နေဆဲ။

စပ်ဖာရာ အထပ်ထပ်နဲ့
မြင့်မြတ်တဲ့ စိတ်ကူးတွေကတော့
ကွဲရှမှန်တချပ်လို အလင်းပြန်
မြင်းခွာသံတချောင်းရဲ့ ပေါ့ဆမှုထဲ လဲကျ
သိပ်သည်းမွန်းကျပ်လွန်းလှပြီ။

အပွေးမြင်အပင်သိ
အနှစ်မရှိတဲ့တော …
မြစ်ကောတခုရဲ့ ကမ်းပါးပေါ်က
ပဲ့ပြားပင်တို့ ရောင်ချယ်ဆဲ ပြိုးပြက်
ရေပွက်တခုလို ခဏတက်
ဝက်ဝက်ကွဲ မာန်ဖီနေသော ကာလ။

ဂွာရာနီကာ* ပုံတူတွေထဲ
သဲသဲကွဲကွဲ တွေ့လိုက်ရ
မျှခြေမျဉ်းမတ်ကိုသာ
ထင်းထင်းရေးဆွဲလိုက်ကြပါ
စစ်ဟာ အနိဋ္ဌာရုံ ဖြစ်တယ်။

မသိစိတ်ရဲ့
ပုံရိပ်ဆိတ်ငြိမ်ထဲမှာတောင်
အမှောင်မိုက်က ခြိမ်းခြောက်
တိမ်းမှောက်သွားတဲ့ လွင်ပြင်ကျယ်မှာ
အစွယ်ရာအပြည့်
မမေ့လိုက်ကြပါနဲ့
(ဒါဟာ)
စေ့ထားတဲ့ တံခါးတချပ်မဟုတ်ပါ။ ။

*ကမ္ဘာကျော်ပန်းချီဆရာကြီး ပီကာဆို ရဲ့ ဂွာရာနီကာ ပန်းချီကား
read more “မြွေဆိပ်တက်တဲ့ည”